International News

ဟောင်ကောင်ဒေသ၏ စီးပွားရေး အဆိုးရွားဆုံး ကျဆင်းနိုင်ခြင်း

Last Updated:

COVID-19 ၏သက်ရောက်မှုမှာ ကြာရှည်ပြီး ပြင်းထန်နေမည်ဖြစ်သောကြောင့် ယခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေးကျဆင်းမှုမှာ ခန့်မှန်းထားသည်ထက် ဆိုးရွားနေ မည်ဖြစ်ပြီး (၄) ရာခိုင်နှုန်းမှ (၇) ရာခိုင်နှုန်းသို့ ကျဆင်းသွားနိုင်ကြောင်း၊ ဖေဖေါ်ဝါရီလက ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ (၁.၅) ရာခိုင်နှုန်း ကျဆင်း နိုင်ကြောင်း ခန့်မှန်းထားခဲ့ခြင်းကို ပြင်ဆင်ခန့်မှန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၏ စီးပွားရေး ကျဆင်းမှုမှာ ၁၉၉၉ ခုနှစ်၊ ငွေကြေးအကျပ်အတည်း ကာလနှင့် ၂၀၀၈ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်း ဖြစ်စဉ်ထက် ပိုမိုဆိုးရွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆုံးရှုံးမှုများမှာ ပြင်းထန်ပြီး ကာလကြာရှည်နိုင်ကြောင်း ဥပဒေပညာရှင် များအား ပြောကြားခဲ့ကြောင်း၊ တရုတ် - အမေရိကန် ကုန်သွယ်ရေး စစ်ပွဲနှင့်အစိုးရဆန့်ကျင်ဆန္ဒပြမှုများကြောင့် ၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်ဒေသ၏ စီးပွားရေး မှာ (၁.၂) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ပြည့်နှစ်၊ ပထမလေးလပတ်အတွင်း ဟောင်ကောင်ဒေသ၏ ဂျီဒီပီမှာ သိသာစွာ ကျဆင်းနိုင်ကြောင်း၊ ဟောင်ကောင်ဒေသ၏ အဓိကလုပ်ငန်းများ ဖြစ်သည့် ကုန်သွယ်ရေး၊ လက်လီရောင်းချမှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆက်လက်ရပ်တည်နိုင်ရန် စိုးရိမ်ရကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမနှစ်လ အတွင်း ပို့ကုန်တင်ပို့မှု (၉.၇) ရာခိုင်နှုန်း၊ လက်လီရောင်းချမှု (၃၄) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ခရီးသွားများ လာရောက်မှုမှာ ဖေဖေါ်ဝါရီလတွင် (၉၆) ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ မတ်လတွင် (၉၉) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ  မတ်လအတွင်း အလုပ်လက်မဲ့နှုန်းမှာ (၄.၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း၊ လက်လီရောင်းချမှု၊ ဝန်ဆောင်မှုနှင့် စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းတွင် (၆.၈) ရာခိုင်နှုန်း ကျဆင်းခဲ့ရာကမ္ဘာ့ငွေကြေး အကြပ်အတည်း ကာလပြီး နောက်ပိုင်းပထမဆုံးဖြစ်ကြောင်း၊ အလုပ်ရှင်များမှာလည်း လစာများဖြတ်တောက်ခြင်း၊ လစာမဲ့ခွင့်များပေးခြင်းနှင့် အလုပ်မှရပ်နားခြင်းတို့ ပြုလုပ်ခဲ့ ကြောင်း၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှလည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနိုင်ကြောင်းနှင့် ဟောင်ကောင်၏ ဂျီဒီပီမှာ (၄.၈) ရာခိုင်နှုန်း ကျဆင်းနိုင် ကြောင်း ခန့်မှန်းခဲ့ပြီး (၃.၃) ရာခိုင်နှုန်း ကျဆင်းနိုင်သည် ဟု Bank of East Asia မှ ခန့်မှန်း ခဲ့ကြောင်း၊ စီးပွားရေးပြန်လည်ကောင်းမွန်လာမည့်ပုံစံမှာ  U ပုံစံ၊ L ပုံစံ (သို့မဟုတ်) V ပုံစံ အစရှိသည်ဖြင့် မည်သည့်ပုံစံဖြင့် ပြန်လည်ကောင်းမွန်နိုင်မည်ကို အစိုးရမှလည်း သိရှိလိုကြောင်း၊ Covid 19 ကြောင့် ဖြစ်ပွားသော စီးပွားရေး ရိုက်ခတ်မှုများအား သက်သာစေရန်အစိုးရမှဟောင်ကောင်ဒေါ်လာ ၂၉၀ ဘီလီယံပံ့ပိုးမှုမှာ ဂျီဒီပီ၏ (၉.၅) ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း အစိုးရဆန့်ကျင် ဆန္ဒပြမှုများကြောင့် စီးပွားရေးထိခိုက်မှုများ သက်သာစေရန် ပံ့ပိုးပေးမှုမှာ ဂျီဒီပီ၏ (၅) ရာခိုင်နှုန်းဖြစ်ကြောင်း၊ လစာများအတွက် ပံ့ပိုးပေးခြင်းဖြင့် လုပ်ငန်းများအတွက် အခက်အခဲများအား ရုန်းကန်ရှင်သန်နိုင်ရန်၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ တစ်ဦးချင်းစီအပေါ် ဝန်ထုပ်ဝန်ပိုးများ လျော့နည်းစေပြီး အလုပ်အကိုင်များ ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်၍ ပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ ဟောင်ကောင် ဒေသတွင် ဘဏ္ဍာရေးအရန်ငွေ ဟောင်ကောင်ဒေါ်လာ (၁.၁) ထရီလီယံကျော်ရှိရာမှ COVID-19 သက်သာမှု အစီအစဉ်အတွက် ပံ့ပိုးပေးရန် ဟောင်ကောင်ဒေါ်လာ (၉၀၀) ဘီလီယံ လျော့နည်းသွားကြောင်း၊ ဘဏ္ဍာအရန်ငွေထားခြင်းမှာ ငွေစုထားခြင်းသာ မဟုတ်ဘဲ ဒေသ၏ စီးပွားရေးကို တည်ငြိမ်စေရန် စုဆောင်းထားခြင်း လည်းဖြစ်ကြောင်း၊ လက်ရှိအရန်ဘဏ္ဍာငွေမှာ ဒေသအစိုးရ၏ လုပ်ငန်း လည်ပတ်မှုအား (၁၄) လကြာ လုပ်ဆောင်နိုင်ရန် အတွက်သာ လုံလောက်မည်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19)ပြီးဆုံးသွားလျှင်ပင် အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပြန်လည် သက်ဝင်လာနိုင်ကြောင်းနှင့် ဒေသ၏စီးပွားရေးတိုးတက်မှုမှာ ပြည်တွင်းတည်ငြိမ်မှုအပေါ်တွင်လည်း မူတည်နေကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဒုတိယနှစ်ဝက်က စတင် ဖြစ်ပွားခဲ့သည့် အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားနေလျှင် ဆိုင်များပိတ်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကလည်း ဒေသ၌ စီးပွားရေးလုပ်ရန် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြမည်မဟုတ်ကြောင်း ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီး Mr. Paul Chan Mo-Po က ပြောကြားခဲ့ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Sum Lok-kei နှင့် Denise Tsang တို့က “ CITY FACES WORST RECESSION” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News